विधि Imperative ဆိုသည်မှာ အမိန့်ပေးခြင်း၊ စေခိုင်းခြင်း၊ တောင်းဆိုခြင်း၊ သတိပေးခြင်း၊ တားမြစ်ခြင်း၊ အသနားခံခြင်း၊ စသည့် ပုဒ်များကို ရည်ညွှန်းသည်။
तू နာမ်စားကို မိမိအောက် ငယ်သူများသို့ သို့မဟုတ် မိဘမှ သားသမီးများ၊ အစ်ကို အစ်မတို့မှ ညီမများ၊ ညီငယ်များသို့ စသည်ဖြင့် ချစ်ခင်မြတ်နိုးခြင်း သို့မဟုတ် ရှုတ်ချခြင်း သို့မဟုတ် ဒေါသကဲ့သို့သော ပြင်းထန်သော ခံစားချက်များကို ဖော်ပြရန်အတွက် အသုံးပြုသည်။
तू ဖြင့် ပြောပါက၊ ကြိယာသည် ၎င်း၏ မူလ (အခြေ)ပုံစံ တွင် ရှိရမည်။ (အမိန့်ပေး ပုံစံ) ဥပမာ-
|
तू बाहर जा |
မင်း/နင် ထွက်သွား။ |
Thou get out. |
तुम ကို မိသားစုဝင်များ၊ ရွယ်တူများ၊ အစေခံများနှင့် မိမိအောက် ငယ်သူ များကို ပြောဆိုရာတွင် အသုံးပြုသည်။
तुम ဖြင့် ပြောပါက မူလ ကြိယာတွင် ओ (အက္ခရာ သို့မဟုတ် အသံ) ကို ပေါင်းစပ်ရမည်။ (စေခိုင်းပုံစံ) ဥပမာ-
|
तुम आओ. |
မင်း လာဦး။ |
तुम पढ़ो (पढ़+ ओ) |
မင်း စာ ဖတ်လိုက်၊ |
आप သည် အနည်းကိန်းနှင့် အများကိန်း နှစ်မျိုးလုံးအတွက် လေးစားမှုဖြင့် ယဉ်ကျေးစွာ ခေါ်ဆိုသော နာမ်စား ဖြစ်သည်။ သူစိမ်းများနှင့် လူကြီးများကို ခေါ်ဆို ဆက်ဆံရာတွင် အသုံးပြုသည်။
आप ဖြင့် ပြောပါက မူလ ကြိယာတွင် इए (အက္ခရာ သို့မဟုတ် အသံ)ကို ပေါင်းစပ်ရမည်။ (တောင်းဆို/ အကြံပြုပုံစံ) ဥပမာ-
|
သင် (ကျေးဇူးပြု၍) လာပါ။ |
आप आइए. |
You please come. |
|
သင် (ကျေးဇူးပြု၍) ပြောပါ။ |
आप बोलिए (बोल+इए) |
You please tell. |
|
လာကြ။ |
आइए၊/ आइये |
You two come. |
|
သွားကြ။ |
जाइए. |
You all go. |
ပိုမို ယဉ်ကျေးခြင်း၊ နှိမ့်ချခြင်း သို့မဟုတ် တောင်းပန်မှုကို ဖော်ပြရန်အတွက်။
|
आप कल आइएगा. |
ကျေးဇူးပြုပြီး ခင်ဗျား မနက်ဖြန် လာပေးပါ။ |
Please kindly come tomorrow. |
|
आप एक पत्र भेजिएगा. |
ကျေးဇူးပြုပြီး ခင်ဗျား စာတစ်စောင် ပို့ပေးပါ။ |
You please send a letter. |
Imperative စေခိုင်းခြင်း၏ ဆန့်ကျင်ဘက် သို့မဟုတ် တားမြစ်ပုံစံ ဝါကျကို ဖွဲ့စည်းရန် मत သို့မဟုတ် न ကို ကြိယာ၏ ရှေ့ကပ်လျက် တွင် ထည့်ပေါင်းရသည်။
न သည် ယဉ်ကျေးပြီး အားနည်းသည်။
मत သည် အလေးအနက်ထားဟန် ရှိပြီး ယဉ်ကျေးမှု လျော့နည်းသည့် ပုံစံ ဖြစ်သည်။
नहीं (naheen) ကို Imperative စေခိုင်းခြင်းတွင် လုံးဝ အသုံးမပြုပါ။ ဥပမာ-
|
तुम कुर्सी पर मत बैठो. |
မင်း ထိုင်ခုံ ပေါ်မှာ မထိုင်နဲ့။ |
तुम न जाओ. |
မင်း မသွားပါနဲ့။ |
Imperative
|
तू + verb root |
तू पढ़ နင် စာဖတ်။ |
|
|
तुम + ओ (letter / sound) |
तुम लाओ। မင်း ယူလာ။ |
तुम रखो। မင်း သိမ်းထားလိုက်။ |
|
आप + इए (letter / sound) |
आप सोइए। သင် အိပ်ပါ။ |
आप बोलिए। ခင်ဗျား ပြောပါ။ |
ခြွင်းချက်များ Exceptions
ओ သို့မဟုတ် इए တို့ပေါင်းစပ်ပါက အောက်ပါကြိယာများသည် ထူးခြားစွာ ပြောင်းလဲပြုမူတတ်သည်။
|
|
Verb root |
Subject |
Imperative
|
||
|
तुम |
आप |
||||
|
ယူ |
take |
ले |
लो |
लीजिए |
|
|
ပေး |
give |
दे |
दो |
दीजिए |
|
|
သောက် |
drink |
पी |
पिओ |
पीजिए |
|
|
လုပ်ပါ။ |
do |
कर |
करो |
कीजिए |
|